Tuesday, December 27, 2011
Wednesday, November 30, 2011
Sunday, November 6, 2011
ခရီးတစ်ထောက်
ဘ၀ဆိုတာ ခရီးတစ်ခုတဲ့။ ဟုတ်တယ် အကြိမ်ကြိမ် သွားနေကျ ခရီးတစ်ခုကို သွားနေရသလိုပဲ။ ဒါပေမယ့် ဒီခရီးကလည်း တစ်ခါမှ မသွားခဲ့ဖူးတာက စခဲ့တာပဲလေ။ အခုတော့လည်း အိမ်ဦးနဲ့ ကြမ်းပြင် လိုပါပဲ။
ကျွန်တော် ခရီးထွက်ရမည်။ ပထမဆုံးခရီးထွက်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီတစ်ခေါက်က ကျနော် စိတ်အတွေးအကြံတွေက အရင်တုန်းကလိုပဲလား ဆိုတာ ဆန်းစစ်ဖို့အခွင့်အရေးပါပဲ။ ကျွန်တော့်ကိုယ် ကျွန်တော် ကလေးဆန်တယ်လို့ ထင်ခဲ့တယ်။ မေမေ့ရဲ့ လောင်းရိပ်လေးမှာပဲ ကျနော် နေထိုင်အသက်ရှင်ခဲ့တာ အခုဆို အသက် (22) ရှိပြီ။ ဘ၀ဆိုတာကို ကျနော် ထိုက်သင့်သလောက် ကြမ်းတမ်းတယ်လို့ ခံစားမိဖူးတယ်။ ဒါပေမယ့် ကိုယ်တိုင် တိုက်ပွဲဝင်ခဲ့ဖူးသည် မဟုတ်ပါ။
ဆောက်လုပ်ရေး ကုမ္ပဏီ သေးသေးလေးတစ်ခု ။ ကျနော် အလုပ်လုပ်နေတာလေ။ ဒါပေမယ့် ကျနော် အချောင်ခိုနေမိခဲ့သလားမသိဘူးနော်။ အွန်လိုင်းက သူငယ်ချင်း တွေက ကျနော်ကို တော်တယ်လို့ ပြောတာကို ကျနော် ရင်ခုန်ခဲ့ဖူးပါတယ်။ လူဆိုတာ ကိုယ့်ကို တော်တယ်ဆိုတာ အသိအမှတ်ပြုစေချင်ကြသူ တွေ ချည်းပါပဲ။ ဒါပေမယ့် ကျနော် အားလုံးကို ပြန်ပြောခဲ့တယ် ။ ကျနော် တော်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျနော် နေရာမှားပြီးတော်နေတာ ပါလို့။ အလုပ်မှာ ကျနော် စိတ်ဝင်စားမှုနည်းနေပါတယ်။ ဒါကို ကျနော်က ကလေးဆန်တယ်လို့ ပြောလိုက်ခြင်းဖြစ်ပါတယ်။
လူတစ်ယောက်မှာ သူ့ရဲ့ပျော်ရွှင်မှုအတွက်သက်သက် သူလုပ်ချင်တာကို လုပ်နေရင် သူအမြဲ ပျော်နိုင်ပါ့မလားလို့ စဉ်းစားမိဖူးပါတယ်။ မပျော်နိုင်ပါဟူသော အဖြေကို ကိုယ့်ဖာသာပြန်ပေးမိတယ်။ ဒါပေမယ့် ကျနော် အတွက် ပြင်ဆင်ဖို့ ကျနော်စိတ်ကို ကျနော် မလှုံ့ဆော်နိုင်ဘူး။ ဒီတော့ ကျနော် တိုးတိုးလေး ကိုယ့်ကိုယ်ကို ပြန်မေးတယ်။ ဘ၀ဆိုတာ ဘာလဲ လို့။ ကျနော် မဖြေပါဘူး ။ မသိချင်ယောင်ဆောင်လိုက်တယ်။ ဘာလို့လဲဆို ကျနော် အလုပ်က နေ အိမ်ကို ပြန်သွားရင် အမေက အမြဲ ထမင်းခူးခပ်ကျွေးနေတုန်းပဲ။ ပြီးတော့ ကျနော့်အ၀တ်တွေကို ချွတ်ပုံပြီးတော့ အမေလျှော်ဖွပ်ထားတဲ့ အ၀တ်တွေ ကို လဲဝတ်ပြီး နေခဲ့တာ ဘာလိုလိုနဲ့ အလုပ်ဝင်တာ တောင် နှစ်နှစ်ရှိခဲ့ပြီ။
အလုပ်လုပ်နေတဲ့ လူငယ်တစ်ယောက် ဆိုတဲ့ ဂုဏ်ဟာ ကြီးမားပါတယ်။ အလုပ်မရှိဘဲ ဝေလေလေလုပ်နေတယ်ဆိုတာထက်စာရင်တော့ ကျနော်က အလုပ်လုပ်နေတာပေါ့။ ဒါပေမယ့် ကျနော့် လုပ်အားခဟာ မေမေ့အတွက် ဘာအသုံးဝင်ခဲ့ဖူးလဲဟု ကျနော့်ကို မမေးပါနဲ့။ ကျနော်မဖြေနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျနော် လစာဟာ ကျနော့်အတွက်ပင် မလောက်ငှပါဘူး။ ဒီတော့ ကျနော် ကိုယ့်ကိုယ်ကို တော့ တော်တယ်လို့ မမြင်မိပါဘူး။ ဒါပေမယ့် ကျနော် တော်ချင်ပါတယ်။ အောင်လည်း အောင်မြင်ချင်ပါတယ်။
ဆရာအောင်သင်းက ဘ၀ဆိုတာ စိန်ခေါ်ရဲရတယ်လို့ ဆုံးမဖူးတာလေးကို သတိရမိပြီး ကျနော် မချင့်မရဲလေး စိန်ခေါ်ခဲ့ဖူးပါတယ်။ လူတစ်ယောက်ဟာ ကိုယ့်အတွက်တော့ ကိုယ်တာဝန်ယူနိုင်ရမယ်လို့ပေါ့။
အခု မိုးညှင်းမှာ အဆောက်အဦတစ်ခုကို သွားဆောက်ရမည်။ ကျနော် လုပ်နိုင်ရမည်။ အင်ဂျင်နီယာ တစ်ယောက် လို့ ပြောဖို့ ကျနော်ကို ငယ်လိုက်တာ ဆိုတဲ့ မှတ်ချက်မျိုးသာ ကျနော် ရဖူးပါသေးသည်။ တော်သည်ဟုလည်း အပြောမခံရသေး။ ဒါပေမယ့် ကျနော် အကောင်းဆုံးလုပ်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ ဘာလို့လဲ။ ကျနော်ဖြစ်ချင်တာတွေ အများကြီး ရှိတယ်။ ဒါကြောင့် ကျနော် ကြိုးစားရမယ်။ မိုးညှင်းမှာသွားနေရမယ် လေးလ ... အဲထက်လည်း ကြာနိုင်တယ်။ အိမ်နဲ့ခွဲရမည်။ ပြီးတော့ ကျနော် ကို ထမင်းခူးပေးမယ့်သူမရှိ။ ကျနော့် အ၀တ်တွေကို လျှော်ဖွပ်ပေးမယ့် ကျနော့်မေမေမရှိ။ ရှိမှာက ကျနော်ဆီက ဘယ်လိုလုပ်ပေးပါ လို့ပြောမှာကို စောင့်နေတဲ့ လက်သမား ပန်းရန်ပဲရှိမည်ဖြစ်သည်။
တစ်ခါတစ်လေကျတော့လည်း ကျနော်စဉ်းစားမိတယ်။ လောကမှာ တစ်ယောက်တည်းပဲ ရှိမယ်။ သံယောဇဉ်အနှောင်အဖွဲ့တွေ ။ လောဘတွေ ။ ကင်းကွာလိုက်ရင် ဘာဖြစ်သွားနိုင်လဲလို့ ။ ဒါပေမယ့် ကျနော် အဲလောက်ထိ မတွေးရဲပါ။ မချင့်မရဲလေးပဲ စဉ်းစားလိုက်ခြင်းပါ။ ထို့ကြောင့် ကျနော် ဒီစာလေးကို ရေးပြီးတော့ ကျနော့်စိတ်ကို တံခါးဖွင့်ကြည့်ခြင်းပါ။ ကျနော် မနက်အိပ်ရာထခါစလား ။ ဒါမှ မဟုတ် ညမှာ တစ်ရေးနိုးတာလား ဆိုတာကိုတော့...........။

Thursday, November 3, 2011
ကိုယ်တွေ့ရေးမှ ပီပြင်ပါသည်
စာရေးသားခြင်းနှင့် ပတ်သက်၍ ကျနော်ဘာမှ မသိပါ။ ဒါပေမယ့် ကျနော် ဖတ်မိတဲ့ စာလေးတစ်ခုကို ကောက်နုတ်တင်ပြချင်ပါတယ်။
ဟစ်တလာခေတ် ဂျာမနီကို နောက်ခံထားပြီးရေးသားရန် ရည်ရွယ်သည့်စာအုပ်တစ်အုပ်အတွက် ကျွန်မသည် သုတေသနလုပ်စဉ်က ဖြစ်သည်။
ပေါလ်ဂယ်လီယို ( Paul Gallico ) ၏ စာအုပ်တစ်အုပ်ထဲမှာ နာဇီတွေ က လူတစ်ယောက် ခေါင်းမှာ သံဖြူ ပုံးစွပ်ပေးပြီး၊ ပုံးကို တုတ်နှင့်တဗြောင်းဗြောင်း ရိုက်နှက်ခြင်းဖြင့် လူကို ရူးသွားအောင်လုပ်သည့်အကြောင်း ရေးထားတာတွေ့ရတော့၊ ဒါတကယ်ဖြစ်နိုင်ပါ့မလား ကျွန်မ စဉ်းစားရင်းက မစ်ချနား၏ အကြံပေးချက်ကို သွားသတိရသည်။ အတွေ့အကြုံတစ်ခု အကြောင်းမရေးသားမီ ကိုယ်တိုင်ခံစား ကြည့်ဖို့ ဆိုသည့်အချက်။
ကျွန်မ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
အိမ်နောက်ဖေး ကွက်လပ်ထဲ သွားပြီးနောက်၊ ဘေးဘီမှာ လူရှိမရှိ သေချာအောင်ကြည့်သည်။ ပြီးလျှင် ၊ အိမ်သန့်ရှင်းရေး လုပ်သည့်အခါ ရေထည့်သည့်ပုံးကို ခေါင်းမှာ စွပ်လိုက်ပြီးနောက် တံမြက်စည်းရိုးနှင့် ရိုက်ကြည့်သည်။. အသံက နားမခံသာ။ ယုံနိုင်ဖွယ် မရှိအောင် ဆိုးဝါးလှသည်။
စာအုပ်ထဲမှာ သည်အခန်းကို ပီပီသသ ရေးပြနိုင်လောက်အောင် မှတ်သားမိစေရန်အတွက် သံပုံးကို နောက်ထပ်လေးငါးချက် ဆက်ရိုက်သည်။ နားထဲ တအားအူသွားပြီးနောက် သံပုံးကို အလျင်အမြန် ဆွဲချွတ်လိုက်သည့်အခါ သူ့အခန်းပြတင်းပေါက်မှ ကျွန်မကို စိုက်ကြည့်နေသည့် အိမ်နီးချင်းအမျိုးသမီး၏ အံ့သြ ထိတ်လန့်သော မျက်နှာကို တန်းမြင်လိုက်ရသည်။ သူက ကျွန်မတို့ဇနီးမောင်နှံငှားနေသည့် အိမ်၏ အပေါ်ထပ်မှာ နေထိုင်သူဖြစ်သည်။
သူနှင့်ကျွန်မ တစ်ယောက်ကို တစ်ယောက် စကားတစ်ခွန်းမျှ မဆိုဘဲ အကြာကြီးစိုက်ကြည့်နေမိသည်။ ကျွန်မ ရူးသွားပြီလို့ သူ မှတ်ယူသွားတော့မှာပဲ ဟု ကျွန်မ သိလိုက်သည်။
မှန်သည်။ တစ်ပတ်အတွင်းမှာပင် သူ အိမ်ပြောင်းသွားပါချေသည်။
.....................................................................................................................................................................
ဒီစာလေးကို ဖတ်ပြီးတော့ ကျွန်တော် စာရေးဖို့ ကြိုးစားဖူးသည်။ ကျောင်းသားဘ၀တုန်းက ဆရာမက စာစီစာကုံးရေးကောင်းသည်ဟု ချီးကျူးမှုလေးတစ်ခုသည် ကျွန်တော့်အတွက် စာရေးခြင်းကို ချစ်ခင်လာအောင် စိတ်ထဲနွေးနွေးလေးခံစားမိစေသည်။ ကျွန်တော် စာဖတ်အားနည်းသည်။ ကိုယ့်ကိုယ်ကို သိသည်.။ ဒါပေမယ့် ကျွန်တော် စာတစ်ပုဒ်ဖတ်မိရင် စာတစ်ကြောင်းလောက်ချရေးချင်မိသည်။ သို့သော် အကြောင်းအကျိုးခိုင်လုံမှုရှိသောစာတစ်ပုဒ်ဖြစ်မလာသေး။ စိတ်ဓာတ်တော့ မကျပါ။
ကျွန်တော်သိတာလေးတွေ တင်ပြရင်း ပျော်မွေ့နေဦးမည် ။. စာရေးခြင်းကို ၀ါသနာပါလျက်..
Saturday, October 29, 2011
Chatting မထိုင်ဘဲ ဘာလုပ်ကြမလဲ
အစောပိုင်းခေတ်ကာလတွေကတည်းက လူငယ်တွေရော ၊ လူကြီးတွေပါ အိမ်ရှေ့ကွပ်ပျစ် လရောင် အောက်မှာတစ်မျိုး၊ လူစုံရာ လက်ဖက်ရည်ဝိုင်းတွေမှာ တစ်သွယ် ရောက်တတ်ရာရာ စကားဝိုင်းလေးတွေ ဖွဲခဲ့ကြဖူးပါတယ်။ တောင်စဉ်ရေမရ လျှောက်ပြောကြတာတွေ ရှိသလို၊ ဗဟုသုတရဖွယ်၊ လေ့လာမှတ်သားဖွယ်ရာတွေနဲ့ စည်ကားသိုက်မြိုက်ခဲ့တာတွေလည်း ရှိကြပါတယ်။ အခုနောက်ပိုင်း IT ခေတ်ကို ရောက်လာပြန်တော့လည်း အနီးအနားမှာရှိကြတဲ့သူတွေချင်း မျက်နှာစုံညီတွေ့ဆုံ စကားပြောကြတဲ့ အဆင့်ကို ကျော်လွန်ပြီး Internet ဆိုတာကြီးရဲ့ အကူအညီနဲ့ ကမ္ဘာကြီးကို ဆွဲချုံ့ပစ်လိုက် ကြတယ်။ Online ပေါ်မှာ Forum လို့ခေါ်တဲ့ စကားဝိုင်းလေးတွေ ဖန်တီးပြီး အချင်းအချင်းစကားပြောကြတယ်။ ဆွေးနွေးကြတယ်။ ဟိုရောက် ဒီရောက်တွေ ရှိသလို၊ လေးနက်မြင့်မားတဲ့ အတွေးအခေါ်တွေ ၊ ခက်ခဲနက်နဲတဲ့ ပညာရပ်တွေ စတဲ့ တန်ဖိုးရှိတဲ့ ဆွေးနွေးမှုလေးတွေကိုပါ အဲဒီစကားဝိုင်းလေးတွေ မှာ တွေ့ရတယ်။
ကမ္ဘာအနှံ့ဖြန့်ကျက်ထားတဲ့ ကွန်ယက်ကြီး ( World Wide Web ) ထဲမှာ Forum ဆိုတဲ့ စကားဝိုင်းလေးတွေ အလျှိုလျှို ပေါ်လာတဲ့ အထဲမှာ ကမ္ဘာအရပ်ရပ်ကို ရောက်နေကြတဲ့ ကျွန်တော်တို့မြန်မာ လူမျိုးတွေ မြန်မာလိုပြောဆိုဆွေးနွေးကြဖို့ Forum စကားဝိုင်းလေးတွေလည်း ပေါ်ပေါက်လာပါတယ်။ အဆိုပါ ဖိုရမ်တွေကို ကိုယ်တိုင်ကိုယ်ကျ ၀င်ရောက်ဆွေးနွေးချင်တယ်ဆိုရင်တော့ ပထမဆုံး အနေနဲ့ အဲဒီဆိုက်တွေကို သွားပြီး register ဆိုတဲ့ နေရာကို click လုပ်ပြီး လိုအပ်တဲ့ ဒေတာတွေကို ဖြည့်ရမှာဖြစ်ပါတယ်။ အရေးကြီးတာက ကိုယ့်ရဲ့ Email လိပ်စာကို ကိုယ်အမှန်တကယ်သုံးနေတဲ့ မေးလ်လိပ်စာကို ပေးဖို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဖိုရမ်ရဲ့ administrator တွေက ကိုယ့် account ကို activate လုပ်ဖို့ အတွက် မေးလ်တစ်စောင် ပို့ပေးမှာဖြစ်ပါတယ်။ ဖိုရမ်က Admin ပို့လိုက်တဲ့ မေးလ်မှာ ပေးထားတဲ့ Link ကို နှိပ်ပေးလိုက်မှ ကိုယ့် account က active ဖြစ်မှာ ဖြစ်ပါတယ်။ တစ်ခါ register လုပ်ပြီးလို့ ကိုယ့် account ကိုလည်း Activate လုပ်ပြီးပြီဆိုရင်တော့ နောက်ပိုင်းတွေမှာ log in ဆိုတဲ့ နေရာလေးကို နှိပ်ပြီး ကိုယ့်ရဲ့ username နဲ့ password ကိုထည့်လိုက်မယ်ဆိုရင် အဲဒီဖိုရမ်မှာ ကိုယ်ကပါ ၀င်ရောက်ဆွေးနွေးလို့ ရသွားပါပြီ။
ဖိုရမ်တွေထဲမှာ သူများတွေ ပေးထားတဲ့ခေါင်းစဉ် (Topic ) တွေကို နောက်ကနေ ၀င်ဆွေးနွေးရင်ရသလို၊ ကိုယ်ကိုယ်တိုင်လည်း ဆွေးနွေးစေချင်တဲ့ ခေါင်းစဉ်ကို စတင်ပေးလို့ရပါတယ်။ ဖိုရမ် တွေမှာ သက်ဆိုင်ရာ ဖိုရမ်ရဲ့ ကြီးကြပ်သူ Admin တွေက အဆင်ပြေသလို စီစဉ်ပေးထားတဲ့ ခေါင်းစဉ် အကြီးတွေ ရှိသလို၊ အဲဒီခေါင်းစဉ်ကြီးတွေရဲ့ အောက်မှာ အသုံးပြုသူ (Member) တွေ ထပ်ထပ်တင်ပေးထားတဲ့ ခေါင်းစဉ် ( Topic) လေးတွေ ရှိပါတယ်။ ဥပမာအနေနဲ့ ကိုယ်က ကွန်ပြူတာ OS window 7 အကြောင်းကိုဆွေးနွေးချင်တယ်ဆိုရင် ပထမဆုံး ခေါင်းစဉ်ကြီးထဲကိုသွားပြီး သူများတွေ စဆွေးနွေးထားတဲ့ ခေါင်းစဉ်ရှိ မရှိကို အရင်ဆုံးရှာကြည့်ပြီး ရှိရင်လည်းသူ တို့နောက်ကနေ ထပ်မံဆွေးနွေးသွားနိုင်ပါတယ်။ ခေါင်းစဉ်မရှိရင်လည်း New Topic ( အသစ်ရေးသားမည်) ဆိုတာလေးကို နှိပ်ပြီး ကိုယ်ကြိုက်ရာ ခေါင်းစဉ်အသစ်ကို ကိုယ်ကစပြီးဆွေးနွေးလို့ရပါတယ်။ အခြားစိတ်ပါဝင်စားသူတွေက ဖတ်မိပြီး သူတို့ ဆွေးနွေးချင်တာတွေရှိရင် ထပ်မံဝင်ရောက်လာပါလိမ့်မယ်။ ဖိုရမ်ကို နေရာပေါင်းစုံက လူမျိုးစုံ ၀င်ရောက်ဖတ်ရှု ဆွေးနွေးကြတာကြောင့် တစ်ခါတစ်ရံ သဘောထားကွဲလွဲမှုတွေ ၊ ငြင်းခုန်မှုတွေ ပြင်းထန်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲဒီအချိန်မျိုးမှာတော့ ဖိုရမ်ကို တာဝန်ယူ တည်ဆောက်ထားတဲ့ Admin အနေနဲ့ ပို့စ်တွေကို ဖြတ်တောက်တာမျိုးတွေ လုပ်နိုင်ပါတယ်။
ဖိုရမ်ထဲမှာ ကိုယ်တစ်ခုခု သိချင်တာ ရှိရင်လည်း ခေါင်းစဉ် အသစ်ကလေး တင်ပြီး မေးမြန်း၊ အကြံဥာဏ်တောင်းခံတာမျိုးတွေကိုလည်း လုပ်လို့ရပါတယ်။ ကမ္ဘာအရပ်ရပ် မှာ ရှိကြတဲ့ ဒီဖိုရမ်ကို သုံးစွဲနေကြသူတွေ အားလုံးက သူတို့သိသမျှ မှတ်သမျှကို ၀င်ရောက် ဆွေးနွေးပေးကြပါလိမ့်မယ်။ နောက်တစ်ခုက ဖိုရမ်မှာ ၀င်ရောက်ဆွေးနွေးကြသူအချင်းချင်းဟာ အပြင်မှာ လူချင်းမတွေ့ကြဖူးကြရင်တောင် အတွေးအခေါ်ချင်း ဖလှယ်ဖြစ်နေကြတဲ့အတွက် စိတ်ချင်းကတော့ ရင်းနှီးပြီးသားတွေဖြစ်နေကြတတ်ပါတယ်။အဲဒီအတွက် နောက်ပိုင်းစိတ်တူရာ စုကြပြီး လူမှုရေးလုပ်ငန်းလေးတွေ လုပ်ကြတဲ့ အစုအဖွဲ့လေးတွေ ဖိုရမ်တွေကနေ ပေါ်ပေါက် လာကြတာကို တွေ့ရပါတယ်။ အဲဒီလိုအခါမျိုး အဲဒီအစုအဖွဲ့လေးတွေရဲ့ ကိစ္စ ရပ်တွေနဲ့ပတ်သက်ပြီး လုပ်ဆောင်ချက်တွေကို အားလုံးသိအောင် တင်ပြတာမျိုး၊ အချင်းချင်း ပြောဆို ဆွေးနွေးဆုံးဖြတ်ကြတာ မျိုး၊ အချင်းချင်း ပြောဆို ဆွေးနွေးဆုံးဖြတ်ကြတာမျိုးတွေကိုလည်း ဖိုရမ်တွေမှာ လုပ်လာကြပါတယ်။
ဒီနေရာမှာ အလျဉ်းသင့်လို့ Blog ဆိုတဲ့စကားလုံးနဲ့ မိတ်ဆက်ပေးရမယ်ဆိုရင် Blog ဆိုတဲ့စကားလုံးဟာ Web blog ဆိုတဲ့ စကားလုံးအတွဲအဆက်ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ အများစုကတော့ အွန်လိုင်း ဒိုင်ယာရီလို့ အဓိပ္ပာယ် ဖွင့်ကြတယ်။ Blog တွေကို အသင်းအဖွဲ့ ၊ အစုအဖွဲ့ တစ်ခုကနေ လုပ်ကြတာထက် တစ်ဦးတစ်ယောက်ချင်းစီကနေ Personal အနေနဲ့လုပ်လာကြတာ ပိုများပါတယ်။ Web Site တွေလို Domain Name လည်း ၀ယ်စရာမလို ၊ Web Hosting ကြေးလည်း မပေးရ ၊ လုပ်ရတာလည်း အဆင်ပြေလွယ်ကူလွန်းတဲ့အတွက် အခုနောက်ပိုင်းမှာ Blog တွေရဲ့ အရေအတွက်က များသထက် များလာပါတယ်။ Online ပေါ်က တစ်ကိုယ်ရေမှတ်တမ်းလေးတွေ ကို Blog ( ဘလော့ဂ်) လို့ခေါ်ပြီး၊ အဲဒီ Blog တွေကို အမြဲတမ်း update လုပ်ပေးနေသူကို Blogger (ဘလော့ဂါ) လို့ ခေါ်ပြီး ၊ အဲဒီ Blog တွေကို Update လုပ်ခြင်း၊ ၀င်ရောက်လည်ပတ်ခြင်းတွေကိုတော့ Blogging (ဘလော့ဂင်း) လို့ခေါ်ပါတယ်။
ဖိုရမ်တွေ ထဲမှာ ၀င်ရောက်ဖတ်ရှုဆွေးနွေးရတာဟာ ဗဟုသုတရသလို၊ ကိုယ်တိုင်ရဲ့ အတွေးအခေါ်၊ အသိအမြင်စွမ်းရည်ကိုလည်း မြင့်တင်ရာ ရောက်ပါတယ်.။ တစ်ဦးနှင့်တစ်ဦးကြား အပြုသဘော ဆောင်ပြီး ဆွေးနွေးငြင်းခုန်ခြင်းရဲ့ အနှစ်သာရ ကိုလည်း ပြန့်ပွား စေပါတယ်။ အစွဲအလမ်းကြီးတဲ့၊ အစွန်းရောက်တဲ့ အတွေးအခေါ်ရှိသူအချို့ကြောင့် မလိုလားအပ်တဲ့ ပြဿနာလေးတွေ ရှိတတ်တာက လွဲလို့ ကောင်းတဲ့အကျိုးကျေးဇူးတွေ များစွာကိုရစေပါ တယ်။ လူငယ်တွေအနေနဲ့ အင်တာနက်ဆိုင်တွေကိုသွားပြီး ချက်တင်တွေထဲမှာ အရည်မရ၊ အဖတ်မရတွေ ၊ အီစီကလီတွေနဲ့ အချိန်ကုန်နေမယ့်အစား Forum (စကားဝိုင်း) လေးတွေ ထဲကိုသွားပြီး သူများတကာတွေ ဆွေးနွေး ထားကြတာတွေကိုဖတ် ၊ ကိုယ်ကိုယ်တိုင် ပြောချင်တာလေးတွေ ဆွေးနွေး ချင်တာလေးတွေ ရှိရင်လည်း ၀င်ပြောရင်း ဆွေးနွေးခြင်းရဲ့ အနှစ်သာရကို အပြည့်အ၀ ရယူနိုင်ကြမယ်ဆိုရင် အားလုံးအတွက် သိပ်ကို ကျေနပ်စရာကောင်းလိမ့်မယ်။
(နေမျိုး -သံလွင်)
စံပယ်ဖြူ မဂ္ဂဇင်းမှ ကူးယူတင်ပြပါသည်။
=========================================================================
ဒီနေ့ ဖိုရမ်တွေ အများကြီးပါ. ။ ကျနော်သုံးနေတဲ့ ဖိုရမ်နှစ်ခုကို ဖော်ပြလိုက်ပါသည်။
၁..။ မြန်မာတက်ကနစ်ရှင် ဖိုရမ်
၂..။ နည်းပညာဆုံမှတ်များ ဖိုရမ်
----------------------------------------------------------------------------------------------------------------------
Friday, October 28, 2011
မောင့်ညစ်ပတ်အိုး (သီချင်း)
တစ်ခါတစ်လေ အပျင်းပြေ ဂစ်တာခေါက်ပြီး ရင်ထဲက အတွေးစလေးတွေကို ချရေးပြီး သံစဉ်ညှိကြည့်တယ်။ တခြားသူအတွက်တော့ မပြောတတ်ပါဘူး။ ကိုယ့်အတွက် အဆင်ပြေတယ်လို့ ထင်တဲ့ သီချင်းလေးတွေကိုတော့ သဘောကျ သီဆိုမိတယ်။ ကျနော်ဒီသီချင်းလေးကို ကျနော့်ရုံးက ကောင်မလေးကို စချင်တဲ့ စိတ်လေးနဲ့ တစ်ပိုဒ်လေးကိုလက်တန်းဆိုလိုက်တယ်။ ပြီးတော့ သူတော်တော်သဘောကျသွားတော့ ဒီစာပိုဒ်လေးကို ညည်းမိနေတယ်။
မောင့်ညစ်ပတ်အိုးလေး
နှုတ်ခမ်းလေးကို သွားနဲ့ကိုက် သွားမတိုက်တာ သိသာတယ်သီချင်းအပြည့်အစုံကိုတော့ အသံသွင်းတဲ့အချိန်မှ လျှောက်ဖြည့်လိုက်တာပါ..။ဘာမှတော့ မဟုတ်ပါဘူးဗျာ..။ အပျော်ပေါ့..။ ကျနော့်ဆရာကို နားထောင်ခိုင်းတော့ မဆိုးဘူးတဲ့။ ဒီတော့ တင်လိုက်တယ်နော်။
မျက်စောင်းလေး ခဏခဏထိုး မျက်ချေးလေးသုတ်လိုက်ဦး
ပါးလေးကို နမ်းချင်လို့ မျက်နှာလေးသစ်ပါဦး
ဖက်ထားမယ် အမြဲတမ်းပဲ ရေလေးတော့မှန်မှန်ချိုးပါကွယ်
မောင့်ညစ်ပတ်အိုးလေး
Tuesday, October 25, 2011
လူနှစ်ယောက်ပုံပြင်
`မောင်မင်းတို့ အထဲက ကြိုက်တဲ့တစ်ယောက်က ကျုပ်ဆီမှာ လိုရာဆုတစ်ခုတောင်းပါ။ အဲဒီလူကို သူတောင်းတဲ့အတိုင်းပေးမယ်။ ကျန်တဲ့လူကိုတော့ ပထမလူထက် နှစ်ဆပေးမယ်´
ဟု ဆိုလိုက်သည်။
ပညာရှိ နှိပ်စက်နည်းဖြင့် နှိပ်စက်လိုက်ခြင်းပေတည်း။
သို့သော် ဘယ်လောက်အထိ နှိပ်စက်ခံသွားရသနည်းဟူသည်က အဲသည် လူနှစ်ယောက်၏ စိတ်ဓာတ်ပေါ်၌ မူတည်ခဲ့သည်။
သည်ပုံပြင်ထဲမှ လူနှစ်ယောက်အနက် တစ်ယောက်သည် လောဘကြီးသူဖြစ်၍ ကျန်တစ်ယောက်က မနာလိုစိတ် ကြီးမားသူဖြစ်သည်ဟု ပုံပြင်ဆရာက ကြိုပြောထားပါသည်။
ဘုရင်က ကဲ.... ဘယ်သူတောင်းမလဲ ဟု မေးသည့်အခါ သူတို့ရုတ်တရက် မဖြေနိုင်။ လောဘသမား က သူနှစ်ဆရချင်သည်။ မနာလိုသူကလည်း တစ်ဖက်လူပိုရသွားမှာ နည်းနည်းလေးမျှ မလိုလား။ သို့သော် ဘုရင်ရှေ့မှာ အကြာကြီး တစ်ယောက်ကို တစ်ယောက်လွှဲနေ၍ မရတော့ နောက်ဆုံးတွင် မနာလိုသူက မလွှဲသာ မရှောင်သာ တောင်းရတော့သည်။
`` ကျွန်တော်မျိုးရဲ့ မျက်လုံးတစ်ဖက်ကို ဖောက်ထုတ်ပေးတော်မူပါ ဘုရား ´´ ဟူ၍..။
========================================================================
ဒီပုံပြင်လေးကို ဖတ်ပြီး ကျွန်တော့်ရဲ့ စိတ်ခံစားမှုမှာ လူတိုင်းကတော့ ကိုယ့်အတွက်ကို စဉ်းစားတတ်ကြသူ ချည်းပဲ၊ ကိုယ့်အတွက် ပြည့်စုံမှသာလျှင် တခြားသူအတွက် စဉ်းစားပေးတတ်ကြသည်။ ပြီးလျှင် လူတိုင်းမှာ ပေတံ တစ်ချောင်းရှိသည်။ ထိုပေတံ မှာ ` ငါ ´ ဖြစ်ပါသည်။ ကျွန်တော့်ခံစားမှုမှာ တခြားသူများနှင့် တိုက်ဆိုင်ခြင်းမရှိလျှင် ခွင့်လွှတ်ကြပါကုန်..၊ ငယ်ရွယ်သူစိတ်မို့ ရင့်ကျက်မှုလေး လိုသေးပါသည်။
ကျေးဇူးတင်ပါသည်။
Subscribe to:
Comments (Atom)
Labels
- apks (1)
- download (1)
- engineering (1)
- Flash (1)
- phone (1)
- portable (1)
- ကဗျာ (1)
- ခံစားမှုလေးများ (4)
- စာပေ (1)
- ဓာတ်ပုံ (5)
- နည်းပညာ ဗဟုသုတ (1)
- ပုံပြင် (2)
- သိမှတ်စရာလေးများ (3)
Footer Widget 3
Recent Posts
Category List
- apks (1)
- download (1)
- engineering (1)
- Flash (1)
- phone (1)
- portable (1)
- ကဗျာ (1)
- ခံစားမှုလေးများ (4)
- စာပေ (1)
- ဓာတ်ပုံ (5)
- နည်းပညာ ဗဟုသုတ (1)
- ပုံပြင် (2)
- သိမှတ်စရာလေးများ (3)
Widget-1 title
Category List
- apks (1)
- download (1)
- engineering (1)
- Flash (1)
- phone (1)
- portable (1)
- ကဗျာ (1)
- ခံစားမှုလေးများ (4)
- စာပေ (1)
- ဓာတ်ပုံ (5)
- နည်းပညာ ဗဟုသုတ (1)
- ပုံပြင် (2)
- သိမှတ်စရာလေးများ (3)
Friends
Pages
Download
Blogger Tricks
Blogger Themes
Pages
Footer Widget 2
Category List
- apks (1)
- download (1)
- engineering (1)
- Flash (1)
- phone (1)
- portable (1)
- ကဗျာ (1)
- ခံစားမှုလေးများ (4)
- စာပေ (1)
- ဓာတ်ပုံ (5)
- နည်းပညာ ဗဟုသုတ (1)
- ပုံပြင် (2)
- သိမှတ်စရာလေးများ (3)
Popular Posts
-
အစီအစဉ် တကျမဟုတ်ဘဲ စာလုံး တစ်လုံးနှစ်လုံးလောက် ကောက်ခြစ်ကြည့်ချင်တယ်.။ စိတ်တွေကို စုစည်းပြီး ခွန်အားတွေ ဖျစ်ညစ်ပြီးတော့ပေါ့။ ဒါပေမယ့် စ...
-
တစ်ခါက ထီရောင်းတဲ့သူတစ်ယောက်ကပေါ့..။ လူတစ်ယောက်ကို ထီ သိန်း 1500 ပေါက်ကြောင်းသွားပြောသတဲ့..။ သူက တွေးမိတယ်..။ ဒီလူက အင်မတန်ဆင်းရဲတယ်..။ သူ...
-
ဖယောင်းတိုင် တစ်တိုင်ရဲ့ မီးရောင်ကို မမှိတ်မသုန် စိုက်ကြည့်လိုက်တဲ့အခါ မီးစာလေးဟာ နည်းပါးလှသော ဖယောင်းကလေးဖြင့် တည်မြဲနေသည်။ ဖယောင်း မကုန်ခင...
-
ဘ၀ဆိုတာ ခရီးတစ်ခုတဲ့။ ဟုတ်တယ် အကြိမ်ကြိမ် သွားနေကျ ခရီးတစ်ခုကို သွားနေရသလိုပဲ။ ဒါပေမယ့် ဒီခရီးကလည်း တစ်ခါမှ မသွားခဲ့ဖူးတာက စခ...
-
(ကျနော့်ကို မလွမ်းကြပေမယ့် ပြန်လာချင်ပါတယ်) ခေါင်းစဉ်လေးကို ပြန်လာခြင်းလို့ ပေးလိုက်ပါတယ်.။ ဟုတ်တယ်..။ ဘလော့ပြန်ရေးမယ်။ ဘာဖြစ်လဲ..။ ကိုယ်ပို...
-
ပန်းကလေးရယ်…. ဘ၀ဆိုတာ မခမ်းနားလိုက်တာ..။ ဆောင်းတွင်းကလည်း အေးလိုက်တာ..။ မျှော်လင့်ခြင်းမရှိတဲ့ နံနက...
-
တစ်နေ့သ၌ ရွာသူကြီး သားအဖနှစ်ယောက်သည် တစ်ဖက်ရွာမှ အိမ်အပြန် တောထဲ တစ်နေရာ၌ ဆင်ကြီးကို ဂဠုန်ချီသွားသည်ကို တွေ့လိုက် လေ၏.။ ထို အခြင်းအရာကို...