content top

Sunday, November 11, 2012

Dx battery Saver Pro V2.apk

ဖုန်းနဲ့ပတ်သက်တာလေးဖြစ်ပါတယ်။
andriod အသုံးပြုသူတွေ အတွက် ကျနော် သုံးတဲ့ apk လေးတွေ ရှဲတာပါ.။
အခု apk လေးက တော့ ဖုန်းရဲ့ဘက်ထရီအတွက် ဖုန်းတစ်လုံးမှာ ရှိသင့်တဲ့ apk လေးဖြစ်ပါတယ်။
သူက pro ဖြစ်ပါတယ်။ နောက်ဆုံးထွက် update version လည်းဖြစ်ပါတယ်။
သူ့ကို သုံးမယ်ဆိုရင် ဖုန်းရဲ့ nodification မှာ ဘက်ထရီရဲ့ ရာခိုင်နှုန်းကို ပြသပေးမှာဖြစ်ပါတယ်။ nodification ဘားမှာလဲ သူက ပေါ်နေမှာဖြစ်ပါတယ်။ အဲဒါဟာ ဘာကိုပြောချင်တာလဲဆိုရင် ဖုန်းထဲမှာ အသုံးပြုထားတဲ့ mode တွေကို ချိန်ထားပေးတာဖြစ်ပါတယ်။
ဥပမာ wifi ,bluetooth ဖွင့်ထားပိတ်ထားတာတို့ ၊ ဖုန်းရဲ့ screen အလင်းအမှောင်တို့ကို ချိန်ထားရမှာဖြစ်ပါတယ်။ ဖုန်းဘက်ထရီအားနည်းလာတဲ့အခါ သူက long mode ကို ချိန်းဖို့ nodification လေးတက်လာမှာပါ.။ အဲဒါဆိုရင် ဖုန်းရဲ့ screen အလင်းဟာ နည်းနည်းမှိန်သွားပီး တခြား mode တွေ အကုန်လုံးကို လည်း ပိတ်လိုက်မှာဖြစ်တဲ့အတွက် ဘက်ထရီသက်တမ်းပိုမို ကြာရှည်ခံမှာဖြစ်ပါတယ်။ ဘက်ထရီအားပြန်သွင်းရင်တော့ my mode ကို ပြန်ချိန်းရမှာဖြစ်ပါတယ်။

အဲဒါတွေ အပြင် ဖုန်းရဲ့ optimize စတဲ့  feature တွေလည်း ပါဝင်ပါတယ်။ pro ဆိုတာ ပိုက်ဆံပေးရတဲ့ app လို့ ဆိုလိုတာဖြစ်ပါတယ်။ ကဲ နားလည်သလောက်တော့ ပြောထားလိုက်ပါတယ်။ စမ်းသုံးကြည့်ပါလေ..။ မသိတာရှိရင်လည်း မေးပေါ့ဗျာ..။ ဒါမှလည်း ရှဲရကြိုးနှပ်မှာပေါ့ဗျာ..။ အောက်မှာဒေါင်းလုပ်ရယူနိုင်ပါတယ်။


ကျနော်ရယူခဲ့တဲ့နေရာလေးကတော့....
http://www.apkmania.co/2012/11/battery-saver-dxswitch-widget-v200pro.html 
ဖြစ်ပါတယ်..။ ကျေးဇူးတင်ပါတယ်။

Friday, November 9, 2012

ပြန်လာခြင်း

(ကျနော့်ကို မလွမ်းကြပေမယ့် ပြန်လာချင်ပါတယ်)
ခေါင်းစဉ်လေးကို ပြန်လာခြင်းလို့ ပေးလိုက်ပါတယ်.။
ဟုတ်တယ်..။ ဘလော့ပြန်ရေးမယ်။ ဘာဖြစ်လဲ..။ ကိုယ်ပိုင်ဘလော့ပဲ ၊ကိုယ်ရေးချင်တာရေးလို့ရတာပေါ့။ ကိုယ့်စိတ်ထဲ ခံစားရတာ..၊ ကိုယ်မကျေနပ်တာ.. ၊ ဒါမှမဟုတ် တစ်ခုခုကို share လုပ်ချင်တာ ဒါကိုယ်ပိုင် ဘလော့လေးမှာ ရေးတော့ အရမ်းကောင်းတာပေါ့။ အရင်တည်းက ဘလော့ရေးရတာ အရမ်းခုံမင်ပါတယ်။ ပျော်လည်း ပျော်ပါတယ်။ ဘာပဲပြောပြော စာဖတ်ပေးကြတဲ့ ပရိတ်သတ်တွေ မရှိခဲ့ဘူးဆိုရင်တောင် တစ်ယောက်တစ်လေလောက်များ ကိုယ်ရေးတဲ့စာကို ဖတ်မယ်ဆိုရင် ကျေနပ်လို့ရပါပီ..။

တကယ်က ကျနော် ဘလော့မရေးတော့တာ မဟုတ်ပါဘူး..။ အွန်လိုင်းမ၀င်ဖြစ်တာလည်း မဟုတ်ပါဘူး.။
ဘလော့ရေးရမှာကိုက ပျင်းနေတာပါ..။
ဟုတ်တယ်..။ စာရေးလည်း ပျင်းတယ်..။ စာဖတ်လည်း ပျင်းတယ်.။

မပျင်းတာတော့ ရှိသေးတယ်ဗျ..။ အဲဒါတော့ ဖုန်းကလိရတာပါပဲ..။ ဖေ့ဘွတ်ဝယ်တယ်..။
https://www.facebook.com/groups/mmua.mobile/
MMUG ဂရုမှာ သူများတင်ထားတာတွေ ရေးထားတာတွေ လိုက်ဖတ်တယ်..။ အဲလိုပဲ လျှောက်လုပ်နေတော့တာပဲ..။ ပေတေနေတာပေါ့ဗျာ.။

အခုတော့ ဘလော့ဖက် နည်းနည်း လှည့်ဦးမယ်ဗျာ..။ ပြောမယ့်သာ ပြောတာ.. ။ ဘာရေးရမှန်းလည်း မသိ..။ အင်းလေ.. ကြားဖူးနားဝတွေ ရေးတာပေါ့..။ မပျင်းဘူးဆိုရင် ခင်ဗျားလည်း မကြာခဏ လာဖတ်ပေးဦးနော်..။

content top