content top

Tuesday, October 25, 2011

လူနှစ်ယောက်ပုံပြင်


တစ်ခါတုန်းက ရှင်ဘုရင်တစ်ပါး ရှေ့မှောက်သို့ လူနှစ်ယောက်ရောက်ကြသည်။ ရှင်ဘုရင်က
     `မောင်မင်းတို့ အထဲက ကြိုက်တဲ့တစ်ယောက်က ကျုပ်ဆီမှာ လိုရာဆုတစ်ခုတောင်းပါ။ အဲဒီလူကို သူတောင်းတဲ့အတိုင်းပေးမယ်။ ကျန်တဲ့လူကိုတော့ ပထမလူထက် နှစ်ဆပေးမယ်´ 
ဟု ဆိုလိုက်သည်။
         ပညာရှိ နှိပ်စက်နည်းဖြင့် နှိပ်စက်လိုက်ခြင်းပေတည်း။
         သို့သော် ဘယ်လောက်အထိ နှိပ်စက်ခံသွားရသနည်းဟူသည်က အဲသည် လူနှစ်ယောက်၏ စိတ်ဓာတ်ပေါ်၌ မူတည်ခဲ့သည်။
         သည်ပုံပြင်ထဲမှ လူနှစ်ယောက်အနက် တစ်ယောက်သည် လောဘကြီးသူဖြစ်၍ ကျန်တစ်ယောက်က မနာလိုစိတ် ကြီးမားသူဖြစ်သည်ဟု ပုံပြင်ဆရာက ကြိုပြောထားပါသည်။

          ဘုရင်က ကဲ.... ဘယ်သူတောင်းမလဲ ဟု မေးသည့်အခါ သူတို့ရုတ်တရက် မဖြေနိုင်။  လောဘသမား က သူနှစ်ဆရချင်သည်။ မနာလိုသူကလည်း တစ်ဖက်လူပိုရသွားမှာ နည်းနည်းလေးမျှ မလိုလား။ သို့သော် ဘုရင်ရှေ့မှာ အကြာကြီး တစ်ယောက်ကို တစ်ယောက်လွှဲနေ၍ မရတော့ နောက်ဆုံးတွင် မနာလိုသူက မလွှဲသာ မရှောင်သာ တောင်းရတော့သည်။

           `` ကျွန်တော်မျိုးရဲ့ မျက်လုံးတစ်ဖက်ကို ဖောက်ထုတ်ပေးတော်မူပါ ဘုရား ´´ ဟူ၍..။

========================================================================

ဒီပုံပြင်လေးကို ဖတ်ပြီး ကျွန်တော့်ရဲ့ စိတ်ခံစားမှုမှာ လူတိုင်းကတော့ ကိုယ့်အတွက်ကို စဉ်းစားတတ်ကြသူ ချည်းပဲ၊ ကိုယ့်အတွက် ပြည့်စုံမှသာလျှင် တခြားသူအတွက် စဉ်းစားပေးတတ်ကြသည်။ ပြီးလျှင် လူတိုင်းမှာ  ပေတံ တစ်ချောင်းရှိသည်။ ထိုပေတံ မှာ ` ငါ ´ ဖြစ်ပါသည်။ ကျွန်တော့်ခံစားမှုမှာ တခြားသူများနှင့် တိုက်ဆိုင်ခြင်းမရှိလျှင် ခွင့်လွှတ်ကြပါကုန်..၊ ငယ်ရွယ်သူစိတ်မို့ ရင့်ကျက်မှုလေး လိုသေးပါသည်။
ကျေးဇူးတင်ပါသည်။

9 comments:

˜º̶̶ƷʌuτuмиƸ̶º˜˜ said...

ဖေဖေကပြောဘူတယ်သိလား
လူတွေက..သူကြီးပြင်လာရတဲ.ပတ်ဝန်းကျင်
သူ.စရိုက်..သူ.သဘာဝအတိုင်းသွားနေကြတာတဲ.
သူတို.လုပ်ရမယ်.အလုပ်သူတို.လုပ်နေကြတာတဲ.
မနေတတ်မထိုင်တတ်သွားပတ်သက်မိလို.
ပြသနာဖြစ်လာတာသမီးအမှားတဲ.လေ

အောင်မင်းဦး said...

@˜º̶̶ƷʌuτuмиƸ̶º˜˜

ဟုတ်လား အမ ကျနော်က တော့ ခံစားမိတဲ့ အတိုင်းရေးလိုက်တာပါ..။ ဒါပေမယ့် အမပြောတာလည်းမှန်ပါတယ်ဗျာ

သမီးစံ said...

ပုံပြင်ထဲကအတိုင်းသာဆို..ဘုရင်ကြီးဆီက
သမီးတော်ဖြစ်ဖြစ်.တောင်းလိုက်သင့်တယ်
(အကြံပေးတာပါး)).ဟုတ်တယ်လေ
ဘုရင့်သမက်လည်းဖြစ်ရအုံးမယ်.နောက်တစ်ဦးဆို.
နှစ်ယောက်တောင်ရမှား)
သူတို့ဟာသူတို့..မနာလိုတာနဲ့.လောဘကြီးတာ
အပြင်မှာရှင်းကြပေါ့..ကောင်းဘူးလားနော်းP
အတည်ပြောရရင်တော့း)
ဒီပုံပြင်လေးဖတ်ပြီးတော့.ကိုယ့်ဘာသာ.
သတိပေးမိသွားတယ်.ဗျို့..ကျေးဇူးပါကိုမင်းဦးရေ
ပျော်ရွှင်ချမ်းမြေ့ပါစေရှင်
ချစ်ခင်စွာဖြင့်

နွေတေးရှင် (မင်းဧရာ) said...

အင်း....
တွေးစရာ ဆင်ခြင်စရာလေးတွေပေါ့
ဖတ်ခဲ့သလို မှတ်လဲမှတ်ခဲ့ပါတယ်ဗျာ။

jasmine(တောင်ကြီး) said...

မှတ်သားစရာ တွေစရာလေးတွေရခဲ့တယ်
ဒီလိုစာတွေ ဆက်ရေးနိုင်ရင်တော့
စာရေးဆရာဖြစ်နိုင်တယ်နော်..
ခင်မင်တဲ့ အမကြီးjasmine

အောင်မင်းဦး said...

@jasmine(တောင်ကြီး)

အမ Jasmine (တောင်ကြီး) အပေါ်က ရေးထားတဲ့ ပုံပြင်လေးက ကိုယ်တိုင်ရေးမဟုတ်ပါဘူးဗျ..။
ကျနော်ဖတ်မိလို့ သဘောကျတာလေးပါ..။

အိမ်မက်စေရာ said...

အဲ့ဒီလို ပုံပြင်ဆန်ဆန် ပညာပေးလေးတွေ သဘောကျတယ်..
အားပေးလျှက်
အိမ်မက်စေရာ

ဇော်သိင်္ခ said...

@သမီးစံ

မနာလိုသူက သူ့အတွက် သမီးတော် တစ်ယောက်တောင်းလိုက်ရင်... ဟိုလူက နှစ်ယောက်ရသွားတော့ ပိုပြီး မနာလိုဖြစ်သွားမှာပေါ့နော်... ဒါဆို အဆင်မပြေဘူး။ ဒါကြောင့် တစ်ဖက်သူကို တော်တော် ထိခိုက်နစ်နာစေချင်လို့ ကိုယ်ကိုယ်တိုင် ရှေ့ဆုံးက အနာခံသွားတာပဲနော်။ သူတော်ကောင်းတွေလို သူတစ်ပါးကောင်းစားဖို့ ကိုယ်အနစ်နာခံတဲ့သဘောနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားတာပေါ့နော်။ သင်ခန်းစာယူစရာ ပုံပြင်လေးပါနော်။

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

minthantzaww said...

ပုံပြင်လေးကောင်းပါတယ်.....ဆက်ပြီးအားပေးနေမယ်

Post a Comment

content top